သီချင်းဖန်တီးတဲ့ နေရာမှာ AI ကို စတင် အသုံးပြုနေပြီလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုလာတဲ့ Dr.Dre
ဂန္ထဝင် Producer ကြီး Dr. Dre ကတော့ သီချင်းဖန်တီးတဲ့ နေရာမှာ AI ကို စတင် အသုံးပြုနေပြီလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြော
ဂန္ထဝင် Producer ကြီး Dr. Dre ကတော့ သီချင်းဖန်တီးတဲ့ နေရာမှာ AI ကို စတင် အသုံးပြုနေပြီလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
ဒါပေမဲ့ Dre က AI ကို အနုပညာရှင်တွေအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ လုံးဝ မမြင်ပါဘူး။ အရင်ခေတ်က Drum Machine တွေ၊ Synthesizer တွေ စပေါ်လာတုန်းက လူတွေ လက်မခံချင်ခဲ့ကြသလိုမျိုး၊ အခု AI ဆိုတာလည်း ဖန်တီးမှုအတွက် "Tool အသစ်တစ်ခု" သက်သက်သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူ့ရဲ့ ဆွေးနွေးချက်ထဲမှာ အထင်ရှားဆုံး မှတ်ချက်တစ်ခုကတော့ "AI ကို ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေတာက ကိုယ်တိုင် ဖန်တီးနိုင်စွမ်း အားနည်းတဲ့ သူတွေပါပဲ" ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ တကယ်တော့ Dr. Dre ကိုယ်တိုင်ကလည်း AI ကို သီချင်းတစ်ပုဒ်လုံး အစအဆုံး အစားထိုး လုပ်ခိုင်းတာမျိုး မဟုတ်ပါဘူး။
သူကိုယ်တိုင် ဖန်တီးထားပြီးသား အရာတွေကို ပိုမိုကောင်းမွန်လာအောင် ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတဲ့ နေရာမှာသာ Tool တစ်ခုအနေနဲ့ စမ်းသပ်အသုံးပြုနေတာ ဖြစ်ပါတယ်။
နည်းပညာအသစ်တွေကို ကြောက်ရွံ့နေမယ့်အစား ကိုယ့်ရဲ့ ဖန်တီးမှုအရည်အသွေးတွေ ပိုမိုတိုးတက်လာအောင် ဘယ်လို အသုံးချရမလဲဆိုတာကိုသာ အာရုံစိုက်သင့်ပါတယ်။
တကယ့် ဖန်တီးရှင်အစစ်အမှန်တွေအတွက်ကတော့ AI ဆိုတာ ဖယ်ကြဉ်ရမယ့်အရာ မဟုတ်ဘဲ အထောက်အကူပြုမယ့် အဖိုးတန် Tool တစ်ခုသာ ဖြစ်ပါတယ်။